ဘုရားသခင်သည် ကျွန်ုပ်တို့ကို စောင့်ကြည့်နေသည်

ကောင်းကင်တမန်တို့သည် ထိုနေရာတစ်လျှောက်လုံး၌ ရှိနေသော်လည်း၊ အသက်ရှိသူ မည်သူမျှမတွေ့မြင်ခဲ့ဖူးကြပါ။ ဘော့စတွန်ရှိ Old North Church ၏ နံရံများ၌ ကောင်းကင်တမန်များက အထက်မှအောက်သို့ ကြည့်နေပုံဖြင့် အလှဆင်ခဲ့သော်လည်း၊ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလအတွင်း ဆေးအထပ်ထပ်သုတ်ခဲ့၍ ၎င်းတို့ကို ဖုံးအုပ်သွားသည်။ အသင်းတော်မှတ်တမ်းများအရ ၁၇၃၀ ခုနှစ်၊ ဘုရားကျောင်း တည်ဆောက်နေချိန်၌ ၎င်းတို့ကို ဆေးသုတ်ရန် အသင်းသားတစ်ဦးနှင့် စာချုပ်ချုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ်၌ စတင်ခဲ့သော ဘုရားကျောင်းပြန်လည်ပြုပြင်မွမ်းမံရေး စီမံချက်ကြောင့် ကောင်းကင်တမန်များကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

သမ္မာကျမ်းစာမှ အခြားသူများ မသိချိန်တွင်ရှိနေသည့် အစစ်အမှန် ဖြစ်သော၊ ဆေးမခြယ်ထားသော- သဘာဝလွန်သတ္တဝါများအကြောင်း ပြောထားသည်။ တစ်ကြိမ်တွင် ပရောဖက်ဧလိရှဲကို ရှုရိရှင်ဘုရင်၏စစ်တပ်က ဝိုင်းရံထားသည်။ သူ၏အစေခံသည် ရန်သူတပ်များကို မြင်သောအခါ “အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်း” ဟုအော်ဟစ်ရာ(၄ ရာ ၆:၁၅)၊ ပရောဖက်က “မကြောက်ကြနှင့်။…

သိုးထိန်းတစ်ဦး၏နှလုံးသား

"သမင်ပေါက်လေးတစ်ကောင် ခြံစည်းရိုးမှာ ငြိနေတယ်"ဟု ဟဲသာက သူ့ခင်ပွန်း တင်မ်ကို ဖုန်းခေါ်ခဲ့သည်။ သမင်လေးကို ကယ်နိုင်ခဲ့သော်လည်း မိခင်သမင်မကြီးကိုမူ မတွေ့မိပါ။ ထိုနေ့မွန်းလွဲပိုင်းတွင် တောစပ်မှ သမင်တစ်အုပ် ထွက်လာပြီး၊ အနီးနားတွင် ကျက်စားနေသည်ကို တင်မ် တွေ့လိုက်ရသည်။ သမင်မတစ်ကောင်မှာ အထူးသတိရှိပုံရ၍၊ သမင်ပေါက်လေး၏အမေများလားဟု တွေးရင်း တင်မ်က သူ၏ဖုန်းမှ သမင်လေး၏ငိုသံကို စပီကာနှင့် ကျယ်ကျယ်ဖွင့်လိုက်ရာ၊ သမင်မက သူ့နောက်လိုက်လာသဖြင့် သမင်ပေါက်လေး ရှိရာသို့ ခေါ်သွားလိုက်သည်။ သမင်လေးသည် ချက်ချင်းနို့စို့ကာလွတ်လပ်မှုကို ရရှိခဲ့ပြီး၊ သမင်သားအမိ ပြန်လည်ဆုံစည်းခဲ့သည်။ ၎င်းသည် တင်မ်၏ နူးညံ့သိမ်မွေ့သော စောင့်ရှောက်မှုကြောင့်ဖြစ်ပါသည်။

သူ၏လူများကို ပြုစုစောင့်ရှောက်ရန်နှင့် ကျွန်ုပ်တို့လိုအပ်သော လွတ်လပ်ခွင့်ကို ပေးရန် ဘုရားသခင်က ပို၍ပင် လိုလားပါသည်။ ဣသရေလလူမျိုးတို့သည် မိမိတို့၏ဒုစရိုက်၌ လဲ၍ ဗာဗုလုန်သို့ ဖမ်းဆီးကျွန်ပြုခံခဲ့ရသော်လည်း ဘုရားသခင်က “ငါသည် ငါ့သိုးတို့ကို ရှာ၍ ကြည့်ရှုစောင့်ရှောက်မည်” ဟု…

ထွန်းလင်းတောက်ပနေသောမျက်နှာများ

ကျွန်တော်၏ခွေးငယ်လေးအား တစ်နှစ်ပြည့်ဆေးစစ်စဉ် တိရစ္ဆာန်ဆရာဝန်က ကျွန်တော့်ထံ ခွေးကိုပြန်ပေးရင်း“သူ့မှာ သကြားမျက်နှာရှိတယ်”ဟု ပြောလိုက်သည်။ “သကြားမျက်နှာတဲ့လား”ဟု ကျွန်တော်ပြန်မေးရာ၊ “ဟုတ်တယ်။ ဒီခွေး အမျိုးအစားလေးတွေက နဂိုကတည်းက မျက်နှာဖြူဖြူလေးရှိနေရင် သူတို့ကို အဲဒီလိုပဲခေါ်တယ်” “သူတို့အထဲမှာ ချိုတဲ့အရာရှိကြောင်းပြတဲ့ သင်္ကေတပဲပေါ့”ဟု သူမက အပြုံးနှင့် ပြန်ဖြေသည်။

ထိုနောက် ထိုအကြောင်းကို စဥ်းစားရင်း၊ အခြားသူများနှင့်တွေ့သောအခါ ကျွန်တော့်မျက်နှာ မည်ကဲ့သို့ပေါ်လွင်နေသနည်းဟု တွေးမိသည်။ သခင်ယေရှု၏ ချစ်ခြင်းမေတ္တာက ပြောင်းလဲပေးသော ကျွန်တော့်နှလုံးသားနှင့်အသက်တာတွင် ကျွန်ုပ် “အတွင်းမှ ချိုမြသောအရာ”ကို တစ်ချက်မျှပင် လူတို့တွေ့မြင်ပါသလား။ သိနာတောင်တွင် မောရှေသည် ဘုရားသခင်မျက်မှောက်တော်၌ ရက်အတန်ကြာ ရှိနေပြီးနောက် ပြန်ဆင်းလာချိန် အံ့ဖွယ်သောအခိုက်အတန့်ကို သမ္မာကျမ်းစာ၌ ဖော်ပြထားသည်။ မောရှေသည် “မိမိနှင့် ဘုရားသခင်နှင့်နှုတ်ဆက်သောကြောင့် မိမိမျက်နှာအရေထွန်းပကြောင်းကို” သတိမထားမိသော်လည်း၊ ဣသရေလအမျိုးသားတို့မှာ ကြောက်ရွံ့သဖြင့် သူ့အနီးသို့ မချဉ်းမကပ်ဝံ့ကြ(ထွ ၃၄:၂၉-၃၀)။ သူတို့ မကြောက်စေခြင်းငှာ မောရှေသည်…

ဆုတောင်းခြင်းအားဖြင့် ရရှိသောခွန်အား

ထိုညက ယုံကြည်သူ မဖြစ်သေးရုံမက၊ သခင်ယေရှုအား ယုံကြည်ခြင်းကိုလည်း ကဲ့ရဲ့ပြောင်လှောင်သည့် ကျောင်းသားအဖွဲ့ကို ဘုရားကျောင်း၌ ကျွန်တော်သင်ကြားနေစဥ်တွင် ကျောင်းသားတစ်ဦးက လက်ဟန်ခြေဟန်ပြပြီး လျှာထုတ်ကာ မထီမဲ့မြင်ပြုသည်။

တစ်နာရီခန့်အကြာတွင် ထိုကျောင်းသားများသည် အခန်းထဲမှထွက်သွားပြီး၊ လမ်းနှင့်နီးသည့် ကျွန်တော့်ရုံးခန်း၌ ထိုင်နေကြသည်။ ထိုအခိုက် ဗလတောင့်တောင့် နှင့် လူတစ်ဦးက တံခါးကို ဆောင့်တွန်းပြီး ဝင်လာသည်။ ကျွန်တော်ရော ကျောင်းသားများပါ ထိုသူကို မတွေ့ဖူးပါ။ သူက မူးနေပြီး ဒေါသနှင့် ကျွန်တော့်ကို ကိုယ်ထိ လက်ရောက် ခြိမ်းခြောက်လာသည်။ မည်သို့ပင်ရှင်းပြရှင်းပြ သူက ရန်လိုနေမြဲပင်။ ထို့နောက် သူက “ငါမင်းကို သတ်မယ်”ဟုပြောသည်။ သူ့အတွက် ကျွန်တော်အသံထွက်ဆုတောင်းပေးစဥ် ကျွန်တော့်မိတ်ဆွေနှင့် အကူဖြစ်သူ ဂျွန်ကလည်း ကျွန်တော်နှင့်အတူ ဆုတောင်းသည်။ ကျွန်တော်တို့ ဆုတောင်းပြီးသောအခါ ထိုသူ၏အပြင်ပန်းအမူအရာက အံ့ဩဖွယ်ပြောင်းလဲသွားပြီး၊ သူမထွက်သွားမီ၌ ကျွန်တော့်ကို ပွေ့ဖက်သွားသေးသည်။

“ငါတို့သည် အသွေးအသားရှိသော…

အကွာအဝေးကို ကျော်လွန်နိုင်သောမေတ္တာ

“သူတို့မြင်ကွင်းက ပျောက်သွားတဲ့အထိ ငါတို့လက်ပြနေတာ။ ဒါက သူတို့ကို ချစ်ကြောင်းဖော်ပြတဲ့ နည်းတစ်နည်းပဲ”။ ထိုစကားကို ကျွန်တော်ငယ်စဥ်က အမေ့ထံမှ ကြားနေကျဖြစ်ပြီး၊ ဆွေမျိုးတစ်ဦး အလည်လာပြီး ပြန်သွားတိုင်း အမေနှင့်အဖေတို့ ပြုလေ့ရှိသည့်အကျင့်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အဖေနှင့်အမေသည် အိမ်အပြင်ဘက်တွင် ရပ်ကာ၊ ထွက်ခွာသွားသူများ အဝေးသို့ရောက်ပြီး ပျောက်ကွယ်သွားသည်အထိ လက်ပြနှုတ်ဆက်သည်။ တစ်ခါတစ်ရံ အချိန်အတော်ကြာသည်အထိ သူတို့ရပ်နေရလည်း ကိစ္စမရှိပါ။ ကျွန်တော်ကိုယ်တိုင် အိမ်မှထွက်ခွာသွားသည့်အခါတွင် အကြောင်းရင်းကို နားလည်သွားခဲ့သည်။

နောက်ကြည့်မှန်မှတစ်ဆင့် သူတို့လက်ပြနေသည်ကို ကြည့်ရင်း ကျွန်တော့်နှလုံးသား၌ အချစ်ခံရခြင်း၊ ဂရုစိုက်ခံရခြင်းကို ခံစားမိသည်။ ကျွန်တော့်ထံအလည်လာသည့် မိသားစုဝင်များအား ချစ်မေတ္တာကို ဖော်ပြရန် ထိုနည်းလမ်းအတိုင်း ကျွန်တော်နှုတ်ဆက်ဆဲဖြစ်သည်။ ကျွန်တော်၏သားသမီးများ ဆက်လက်ကျင့်သုံးမည့် အလေ့အကျင့်ဖြစ်ရန်လည်း မျှော်လင့်မိသည်။

မိသားစုဝင်များအတွက် ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်မည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ သမ္မာကျမ်းစာ၌ ဖော်ပြသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ချိတ်ဆက်ပေးခြင်းဖြစ်သည်။ ယော်ဒန်မြစ်ကို ကူးပြီး ကတိတော်ပြည်သို့ဝင်စားရန်…

သစ္စာရှိခြင်းနှင့် ခွင့်လွှတ်ခြင်း

The Empire Strikes Back ရုပ်ရှင်ဇာတ်လမ်းမှ ဟန်စိုလို(Han Solo)သည် သူ၏သင်္ဘောတိုက်ခိုက်ခံရချိန်တွင် ပြုပြင်ရမည့်အရာတစ်ခုကို မပြုပြင်ခဲ့ခြင်းကြောင့် လွတ်မြောက်ရန်လမ်းလည်း ရှိပုံမပေါ်ချိန်တွင် “ဒါကျုပ်ရဲ့ အပြစ်မဟုတ်ဘူး”ဟုပြောခဲ့သည်။ သူဤသို့ပြောသည့်အခါ အနည်းဆုံးတော့ သူ့ပြဿနာအတွက် တာဝန်ရှိသော်လည်း သူဝန်မခံချင်ဟု သင်တွေးမိမည်။

ကျွန်တော်လည်း ထိုသို့ကြုံဖူးသည်။ တစ်ခါတစ်ရံ မိမိတာဝန်ရှိခြင်းကို လက်ခံလိုက်ခြင်းထက် တစ်စုံတစ်ဦး(သို့) တစ်စုံတစ်ခုအပေါ် အပြစ်လွှဲချလိုက်ခြင်းက ပိုပြီးလွယ်ကူပါသည်။ ထိုသဘောထားသည် အပြစ်နှင့်တူသည်ဟု ကျမ်းစာ၌ ဖော်ပြထားပါသည်။ အာဒံနှင့်ဧဝ နှစ်ဦးလုံးသည် ထိုအရာကို ကျူးလွန်ခဲ့သည် (က ၃:၁၁-၁၃)။ အာရုန်လည်း ထိုနည်းတူပင်။ မောရှေသည် သိနာတောင်ပေါ်တွင် ဘုရားသခင်နှင့်အတူရှိလျက် ပညတ်တော်ဆယ်ပါးကို လက်ခံရယူစဥ်၊ ကျွန်ဘဝမှ ဘုရားသခင် ကယ်နှုတ်ခဲ့သော လူတို့သည် ရုပ်တုကို ပြန်လည်ကိုးကွယ်နေကြောင်း ဘုရားသခင် မိန့်ကြားခဲ့သည် (ထွ ၃၂:၇-၈)။ မောရှေပြန်ဆင်းလာပြီး (သူတာဝန်ပေးထားခဲ့သည့်) အာရုန်နှင့် ရင်ဆိုင်ဖြေရှင်းသောအခါ၊…

ဘုရားသခင်၏ကောင်းမြတ်ခြင်း

ဘောင်ဖြင့် မွေးမြူသည့် ပျားအုံကို ဖွင့်လိုက်ရာ ပျားတစ်အုပ်လုံး သေကုန်သည်ကို တွေ့လိုက်ရ၍ အမလေးတမိသည်။ ပျားရည်များစွာထွက်သော ပျားအုံကြီးဖြစ်၍ အအေးဓာတ်လျော့သော ဆောင်းရာသီအတွင်း ဂရုတစိုက်ထိန်းသိမ်းပြီး၊ ပျားရည်စောစောခံရန် မျှော်မှန်းခဲ့သော်လည်း၊ မမျှော်လင့်သော အအေးလှိုင်းကြောင့် ပျားအုံအတွင်း အပူချိန်ကို မထိန်းနိုင်ဘဲ ပျက်စီးသွားခဲ့သည်။

ဒေသခံပညာရှင်များနှင့် စစ်ဆေးခဲ့သောအခါ၊ “ဒီရာသီမှာ ပျားမွေးမြူရေးသမားအများစုရဲ့ပျားအုံတွေ ဆုံးရှုံးခဲ့တယ်”ဟု သူတို့က အတည်ပြုပြောခဲ့သည်။ ကျန်းမာသောပျားအုံပင်ဖြစ်စေ၊ အအေးလျော့သောဆောင်းရာသီသည် ပျားများအတွက် စိန်ခေါ်မှုရှိသောရာသီဖြစ်သည်။ ဆောင်းရာသီ၌ ပျားများသည် ၎င်းတို့၏တောင်ပံများခတ်ကာ ပျားအုံအတွင်း နွေးထွေးမှုကို ထိန်းထားသည်။ သို့သော် အအေးလျော့ပြီး ရာသီဥတုခဏတာပူနွေးချိန်၌ အစာရှာထွက်ကာ ပင်ပန်းနေချိန်တွင် အအေးလှိုင်းဝင်ပြီး ရုတ်တရက် အပူချိန်ကျသွားပါက ၎င်းတို့သည် တောင်ပံခတ်ရန် ခွန်အားမရှိတော့ပဲ၊ အစာရှာခြင်းသို့ “အာရုံလွဲသွားခြင်း”က ပျက်စီးခြင်းသို့ ဦးတည်သွားတော့သည်။

ကောင်းသောအမှုအရာများကြောင့် အရေးကြီးဆုံးအရာမှ ကျွန်ုပ်တို့အာရုံလွဲသွားလျှင် ကောင်းသောအရာသည် ကျွန်ုပ်တို့အတွက် အန္တရာယ်များဖြစ်လာနိုင်သည်။ အဲဂုတ္တုပြည်မှ…

မေတ္တာပြမှု ပေါ်လွင်လာသောအခါ

ဟဲလင်းန် လေမုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးသွားသူများကို ကူညီပေးသည့် ခရစ်ယာန်ကယ်ဆယ်ရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးက (အစောပိုင်းက ငိုယိုနေသည့်) အမျိုးသမီးတစ်ဦးအား “မင်းဘာလို့ငိုတာလဲ”ဟု မေးရာ၊ သူမက “အရာအားလုံး ဆုံးရှုံးသွားလို့ ကျွန်မငိုတာမဟုတ်ဘူး။ ချစ်ခြင်းမေတ္တာကို မြင်လိုက်ရလို့ ကျွန်မ ငိုတာပါ” ဟု ပြန်ဖြေလေသည်။

လိုအပ်နေသူများအား ကျွန်ုပ်တို့ကူညီရန် ဘုရားရှင်အလိုရှိပြီး၊ သူ့နှလုံးသားက သူ့ဆန္ဒကို ဖော်ပြနေသည်။ ဘုရားသခင်ကတိပြုထားသော ပြည်သို့ ဣသရေလလူမျိုးတို့မဝင်မီ ဘုရားသခင်၏ညွှန်ကြားချက်များကို မောရှေ မိန့်ကြားရာ၌ “ဆင်းရဲသောညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။ သင်၏လက်ကို သူ့အဖို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှါးရမည်”(တရား ၁၅:၇-၈)ဟု ပြောခဲ့သည်။ ဆင်းရဲသားများအပေါ်ထားရှိသည့် သူတို့၏စိတ်ထားများသည် “သူတို့အား ပေးရမည်၊ ပေးသောအခါ နှမြောသောစိတ်မရှိရ”(၁၅:၁၀)ဟူသည့် ဘုရားသခင်၏စိတ်နှလုံးကို ထင်ဟပ်ပြရပါမည်။

ဆိုးရွားသောအခြေအနေများတွင်ဖြစ်စေ၊ နေ့စဉ်အသက်တာတွင်ဖြစ်စေ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ကြင်နာစွာ ပေးသနားသောကောင်းချီးများမှ လိုအပ်သူများကို…

မမြင်နိုင်သော ကြင်နာမှု

ပန်းချီကားပေါ်တွင် မျက်နှာပုံတစ်ခုသည် ကြာမြင့်စွာရှိနေပြီး မည်သူဖြစ်သည်ကို မည်သူမျှ မသိပါ။ “ဘုန်းတော်ကြီး ဘျူးဖေါ့ဒ်၏ သေဆုံးခြင်း” (The Death of Cardinal Beaufort) ပန်းချီကားကို ၁၇၈၉ ခုနှစ်တွင် ဆာ ဂျော့ရှူဝါရေးနိုးလ်စ် (Sir Joshua Reynolds) ရေးဆွဲစဉ်က သေဆုံးတော့မည့်သူ၏ နောက်ဘက် အမှောင်၌ မကောင်းဆိုးဝါး၏မျက်နှာကို ထည့်သွင်းရေးဆွဲခဲ့သည်။ ရေးနိုးလ်သည် ရှိတ်စပီးယားပြဇာတ်တစ်ခုမှ “အလုပ်များပြီး ဝင်စွက်ဖက်နေသည့်မိစ္ဆာကောင်”ရှိနေခြင်းဇာတ်ဝင်ခန်းကို အတိအကျ ရေးဆွဲခြင်းဖြစ်ပြီး၊ အချို့က ထိုသို့ တိုက်ရိုက်ကူးချခြင်းကို မနှစ်မြို့ကြပေ။ ၁၇၉၂ တွင် ရေးနိုးလ် ကွယ်လွန် သောအခါ သူဆွဲထားသောမျက်နှာကို ဆေးဖြင့် ဖုံးပစ်လိုက်ပြီး လူတို့မေ့‌ပျောက်သွားသည်။ မကြာမီက အနုပညာထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့မှ သုတ်ထားသော ဆေးနှင့်အရောင်တင်ဆီများကို ခွာချပြီး နဂိုရှိရင်းစွဲပုံကို ဖော်ထုတ်ခဲ့ကြသည်။

ဘုရားသခင်အစိုးရသောကမ္ဘာကြီးတွင် မျက်မြင်မရသော ဝိညာဉ်လောကသည် ကျွန်ုပ်တို့၏ပတ်လည်၌ အမှန်ရှိနေကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။…

ဘုရားသခင်အတွက် တန်ဖိုးရှိသော

အိမ်တစ်အိမ်၏နံရံတွင် နှစ်ပေါင်းများစွာ ပန်းချီကားတစ်ချပ်ရှိနေခဲ့ပြီး၊ ၎င်းကို မည်သူမျှ သတိမထားမိ၊ မေ့လျော့နေခဲ့သည်။ တစ်နေ့တွင် ထိုပန်းချီကား ပြုတ်ကျ သွားသည်။ ၎င်းကို ပြန်လည်ပြုပြင်ရန် ပန်းချီကားပြုပြင်သူထံ ယူသွားသောအခါ၊ ယင်းပန်းချီသည် ကြာမြင့်စွာပျောက်ဆုံးနေခဲ့သော ရန်းဘရန့်(Rembrandt) ၏ လက်ရာမြောက် “The Adoration of the Magi”ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ကူးယူပန်းချီများသာ ကျန်ရှိသည်ဟု ယူဆခဲ့ကြသော်လည်း၊ ၎င်းသည် မူလလက်ရာဖြစ်နေသည်။ ရုတ်ခြည်းပင် ထိုပန်းချီကား၏တန်ဖိုးမှာ ဒေါ်လာသန်းပေါင်းများစွာသို့ မြင့်တက်သွားခဲ့သည်။

သမ္မာကျမ်းစာတွင် တန်ဖိုးချခံရပြီး မေ့လျော့ခံရသော တန်ဖိုးကြီးအရာ နောက်တစ်မျိုးကို ဖော်ပြထားပါသည်။ ပရောဖက်ဟေရှာယသည် သန့်ရှင်းသော ဝိညာဉ်တော်၏နှိုးဆော်မှုအားဖြင့် ဘုရားသခင်၏လူတို့သည် အခြားပြည်သို့ သိမ်းယူခံရကာ ဆင်းရဲဒုက္ခခံရမည်၊ တန်ဖိုးချခံရမည် ဖြစ်သော်လည်း၊ ဘုရားသခင်သည် သူတို့နှင့်အတူ ရှိနေဦးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို…